













အချစ် ဆိုသော အရာ

လူတိုင်းက ပြောနေ ကြပါတယ် "အချစ်"တဲ့
အဓိပ္ပါယ် တွေလည်း အမျိုးမျိုးပေါ့ ပူတယ် ၊
လိမ်ညာလို့ အကောင်းဆုံး ၊
လူတွေရဲ့ စိတ်ကို ချုပ်ကိုင်သောအရာ၊
စသည်ဖြင့် ပြောနေကြတယ်။
ကျွန်တော် ကတော့လေ အချစ်ဆိုသော
အရာကို သစ်ပင်ကြီးလို့မြင်နေတယ် ၊
ဟာ မင်း ကလည်း မဟုတ်သေးပါဘူး
ခံစားချက် ရှိတဲ့ အချစ်နဲ့ ၊
ခံစားချက်မဲ့ သစ်ပင် ဘာဆိုင်လို့လည်း ၊
ဟုတ်ပါတယ် မဆိုင်ပါဘူး ။
ဒါပေမဲ့ ခံစားမူကို အမြစ်ချ
နာလည်းမူကို ပင်စည် လုပ်ပြီး
ပျော်ရွှင်မူတွေ ကို ဝေဝေဖြာဖြာ အရွက် အခက်တွေ
ဖြစ်အောင့်  ပြုလုပ်ထားတဲ့
နာခို စရာကောင်းတဲ့ သစ်ပင်ကြီး တစ်ပင်ပါ လို့
ကျွန်တော်ပြောရင် ခင်ဗျားတို့ကရော.....................
No comments:
Post a Comment